စာမျက်နှာ ၈၀၀ ကျော်ပေမဲ့ စာကြောင်း တစ်ကြောင်းတည်းနဲ့ အတိုချုပ်လို့ရတယ်။

အဲဒါကတော့ စာရေးသူ Hanya Yanagihara က ဂေးတွေကို အသေမုန်းတဲ့လူ ဖြစ်လောက်တယ် ဆိုတာပဲ။

နားထောင်အုံး။ ပြောပါရစေအုံး။

လူတစ်ယောက်ရဲ့ ဘဝမှာ အဆိုးဆုံး ကိစ္စတွေ ဘယ်နှခုလောက် ဖြစ်နိုင်တယ် ထင်လဲ။

-မွေးမွေးချင်း မိဘတွေဆီက စွန့်ပစ်ခံရတာ -မိဘမဲ့ကျောင်းမှာ ဆင်းဆင်းရဲရဲနဲ့ ပြီးကြီးပြင်းလာရတာ

-မိဘမဲ့ကျောင်းမှာ အနှိပ်စက်ခံရတာ -မိဘမဲ့ကျောင်းကနေ ထွက်ပြေးတာ -အတူထွက်ပြေးတဲ့ အစ်ကိုကြီးက သူ့ကို လိင်ကျွန်လို စော်ကားတာ -အရွယ်မတိုင်ခင် ကလေးဘဝမှာ ယောက်ျားတကာနဲ့ ပြည့်တန်ဆာ အလုပ်လုပ်ရတာ -ဆရာဝန်ဆီက အလွဲသုံးစားလုပ်ခံရတာ -ကားတိုက်ခံရတာ -ပြာပုံတိုးရလောက်အောင်မွဲတာ -သေကြောင်းကြံစည်တာ

ဘာမှ ရေမနေပါနဲ့။ ဒီစာအုပ်ထဲက Jude Francis က အကုန် တစ်ခုမကျန်ဖြစ်ခဲ့ပါတယ်။

ဒီလောက် စုတ်ပြတ်သတ်တဲ့ ဘဝကနေလာပြီး ဟားဗတ်ကနေ ဘွဲရ၊ ရှေ့နေဖြစ်၊ ပိုက်ဆံမရှိလို နယူးယောက်မှာ စုနေရ၊ တရုတ်တန်းက ခေါက်ဆွဲတစ်ပွဲဝယ်ပြီး နှစ်ယောက်မျှစားရ၊ ဒါပေမဲ့လဲ ကျော်ကြားတဲ့ ရှေ့နေဖြစ်လာ၊ အတိတ်က ဒဏ်ရာတွေပြန်ပေါ်၊ သေကြောင်းကြံစည်။

ဆက်တောင် မပြောနိုင်တော့ဘူး။

သူ့ဘဝက ပန်းနုသွေးကို ခင်မို့မို့အေး အယောက် ၁၀၀ လောက် ဝိုင်းဆော်နေတဲ့ကြားကနေ နေထူးနိုင်လို စူပါပါဝါတွေနဲ့ အောင်မြင်လာတဲ့အတိုင်းပဲ။

Hanya Yanagihara ဆိုတဲ့ Straight woman တစ်ယောက်ရဲ့ Wattpad fanfiction ပုံစံ ရေးသားထားတဲ့ ‘စုတ်ပြတ်နုံချာ တေလေ လွင့်မျော အနုတ်စုတ် ဂုတ်စုတ် ဂေးတစ်ယောက်ရဲ့ ဘဝ’ ဆိုတာက A Little Life ဆိုတဲ့ ခေါင်းစဥ်ထက် ပိုပြီး မှန်လောက်မယ် ထင်တယ်။

မန်းဘွတ်ကာဆုက ဘာကြောင့်ရတာလဲကို မသိတော့ဘူး။ စကားမစပ် စာအုပ်အဖုံးက လူက ငိုနေတာမဟုတ်ဘူးနော်။ အဲဒီလူ ဘာလုပ်နေတာလဲ သိရင် ပိုပြီး အံ့အားသင့်သွားမယ်ထင်တယ်။ မပြောတော့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ရှာကြတော့။😑

အရမ်းမျှော်လင့်ထားပေမဲ့ ထင်ထားသလို ဖြစ်မလာလို့ ဖြစ်ပါလိမ့်မယ်။ မေ့လောက်မှ တစ်ခေါက် ပြန်ဖတ်ကြည့်အုံးမယ်။