It’s time, I guess.
Exclusively on Blog - https://thetpaingwrites.blogspot.com/
And substack - Thet Paing / Writer | Substack
ကျွန်မကို ရန်ကုန်မြို့က နာမည်ကြီး တိုက်ခန်းတစ်ခုမှာ အိမ်ရှင်တွေ နိုင်ငံခြားသွားနေလို့ဆိုပြီး အခန်းစောင့် အလုပ်ပေးခဲ့တယ်။
ဒီကွန်ဒိုကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကတည်းကရှိခဲ့တာတဲ့။ နောက်ပြီး တိုက်ခန်းစောင့်သူက ညတိုင်း အခန်းထဲမှာ ရှိနေရမယ်။ တိုက်ခန်းထဲက လူတွေကို စကားမပြောရ။ အပြင် ဧည့်သည် မခေါ်ရနဲ့ စည်းကမ်းတွေက စုံနေတာပါပဲ။
အကောင်းစား တိုက်ခန်းကြီးမှာလဲ နေရမယ်။ နေပေးရုံနဲ့ ပိုက်ဆံလဲ ရမှာမို့ ကျွန်မ အလုပ်လက်ခံလိုက်တယ်။ ဒါပေမဲ့ ပထမညမှာကတည်းက ငါးပါးမှောက်တော့တာပါပဲ။
အခန်းထဲမှာ ပန်းချီကားတစ်ချပ်ရှိတယ်။ အဲဒီပန်းချီကားထဲက ထဘီရင်လျားနဲ့ အမျိုးသမီးရဲ့ မျက်လုံးတွေက ကျွန်မကို အမြဲတမ်း ငုံကြည့်နေသလိုပဲ။ ကျွန်မ ကျောချမ်းလာတယ်။
နောက်ပြီး အခန်းနံရံထဲက တဂျစ်ဂျစ် မြည်သံတွေ။
ဒီတိုက်တစ်ခုလုံးမှာ နေတဲ့ လူတွေကလဲ အသက်ကြီးကြီး လူအိုတွေချည်းပဲ။ ငယ်တဲ့လူဆိုလို့ ကျွန်မတို့လို တိုက်ခန်းစောင့်တွေပဲ ရှိတယ်။
တိုက်ခန်းမှာတွေ့ပြီး သူငယ်ချင်းဖြစ်သွားတဲ့ ကောင်မလေးက မနက်ဖြန်ကျတော့ ညကြီး အချိန်မတော် အလုပ်ထွက်သွားပြီလို့ ဧည့်ကြိုအစ်မကပြောတယ်။ ကျွန်မ မယုံနိုင်ဘူး။
နောက်မှ သိရတာ ကျွန်မထက် အရင်လဲ တိုက်ခန်းစောင့် ကောင်မလေးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူလဲ ပျောက်သွားတာတဲ့။
ကွန်ဒိုပိုင်ရှင် အဘိုးကြီးကလဲ သူ့ကို စွပ်စွဲတဲ့ အမှုတွေကို မလွန်ဆန်နိုင်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀လောက်က အထပ် ၃၀ ကနေ ခုန်ချပြီး သတ်သေသွားတာတဲ့ရှင်။
သူ့ကို ဘာအမှုတွေနဲ့ စွပ်စွဲခံခဲ့ရသလဲဆိုတာ သိလိုက်ရချိန်မှာ ကျွန်မအတွက် အရာရာက နောက်ကျသွားခဲ့ပါပြီ။
#အခန်းနံပါတ်၆၄၈ #သက်ပိုင် #ပင်ကိုရေး #မြန်မာဝတ္ထု
Review By Thet Paing Writes

💬 Comment / Review
Comment များကို ရယူနေပါသည်…