လင်္ကာပိုဒ် (၉၆) မှ (၁၅၅) အက်သီနာ မှ တယ်လစ်မက္ကပ်စ်ဆီသို့ ရောက်ရှိလာခန်း ထိုသို့ဆိုပြီးသောအခါ နတ်သမီးသည် အရောင်အ၀ါ ထွန်းလင်းတောက်ပသော ရွှေ‌ကြိုးသိုင်းဖိနပ်ကို စီးကာ ကျယ်ပြန့်လှသော မြေပြင်ကို လေ၏အလျင်ဖ...